ငယ်ငယ်တုန်းက…
မြိုင်ရာဇာတွတ်ပီဆို တအားကြိုက်…တစ်နေ့တစ်အုပ်ဖတ်နိုင်တယ်။ တွတ်ပီဆွယ်လို့ ဆတ်သားခြောက်စားချင်တဲ့ အခါပေါင်းလည်းမနည်းဘူး။ ဒါမဲ့ ငယ်ငယ်တုန်းဆတ်သားခြောက်ကို မတောင်းရဲပါဘူးလေ။ စျေးကြီးတာကိုး။ တွတ်ပီကြောင့် ရိုးမတောကြီးထဲ ခဏခဏအလည်သွားတယ်။ ခြံကိုတောလို့မှတ်ပြီးတော့ ဟဟဟဟ သစ်ပင်ပေါ်တွယ်တက်လို့ ပဲ့တာ ပွန်းတာကလည်း ခဏခဏ …ပျော်တယ်…ဗံဒါသီးထုစားတယ်။ ရေကြီးရင် ငါးဖမ်းတယ်၊ ပုဇွန်လည်း ဖမ်းဘူးတယ်။ တစ်ခါတစ်ခါ မျှော့တွေပါပါလာတယ်…ကြောက်မှကြောက်…နွေရာသီဆိုရင် ပိုးလောက်လမ်းတွေ နှိမ်နင်းရေးဆင်းတယ်ဆိုပြီးတော့ ဇကာလေးနဲ့ လောက်လမ်းတွေဆယ်၊ လွတ်လွတ်လူးနေတဲ့ လောက်တွေကို ပုရွက်ဆိတ်တွေလာဆွဲတာကြည့်ပြီး အားတွေရနဲ့။
အိမ်မှာ ငပိနဲ့ တို့စားဖို့ စက်ဘီးစီးပြီး ကန်ဇွန်းလိုက်ခူးရတာတစ်မှောက်။ ခြောက်ခြောက်သွေ့သွေ့ ရှိတဲ့နေ့တွေမှာ ဆိုရင် ခြံထဲမှာမီးရှို့တယ်။ မီးခိုးကတအားပဲ.. အရမ်းမွှေးတယ်။ ပြီးရင် လွင့်ထွက်လာတဲ့ပြာတွေလိုက်ဖမ်း၊ အိမ်ကခွေးနဲ့ အပြိုင် 🤣🤣🤣 ချွေးတွေသဲတွေနဲ့လည်း အိပ်ရာပေါ်ဝင်အိပ်ရင် မေမေ စိတ်ဆိုးလိုက်တာ ဟိဟိဟိ ငယ်ငယ်တုန်းကလည်း ဘာကြောင့်မှန်းမသိ…မြောင်းတွေကူးရတာကိုတအားကြောက်တာ။ ဟိုဘက်ကနေ တစ်တစ်ယောက်ယောက် တုတ်ကလေးပေးမှ အဲဒီတုတ်ကို ကိုင်ပြီး မရဲတရဲနဲ့ ဖြတ်တာ
ပြန်စဉ်းစားရင် ပျော်စရာတွေ ချည်းပဲ။