တက္ကသိုလ် နောက်ဆုံးနှစ်ရောက်ပြီ
အမေရိကန်နိုင်ငံမှာ တက္ကသိုလ်လာတက်တာသုံးနှစ်တောင်ရှိပြီ။ အချိန်တွေကုန်တာလည်းမြန်လိုက်တာ…
နောက်ဆုံးနှစ်ကို ဘယ်လိုအကျိုးရှိရှိ ကျော်ဖြတ်သင့်သလဲဆိုတာကို ဒီနွေရာသီမှာ စဉ်းစားခဲ့တယ်။ ပထမဦးဆုံးသော ရည်မှန်းချက်က နောင်ဘွဲ့လွန်ကျောင်းတက်ရင် အဆင်ပြေအောင် ပြင်ဆင်ဖို့ပါ။ ယူသင့်တဲ့ဘာသာရပ်တွေ (ဥပမာ သင်္ချာ) ကိုမကြောက်မရွံ့နဲ့ ယူမယ်။ ဘောဂဗေဒနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်း ရေးမယ်။ ဒီစာတမ်းကို ပြုစုတဲ့အခါ ကိုယ်ကိုယ်တိုင် ကျေနပ်အားရပြီး ဂုဏ်ယူနိုင်အောင် ကြိုးစားပါမယ်။
အချစ်ရဆုံး၊ ဒါမှမဟုတ် အလေးစားရဆုံး သူငယ်ချင်းတွေ မိတ်ဆွေတွေကို ပိုအချိန်ပေးမယ်။ ဂျူးကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့မြင်တယ်။ စိတ်တူ ကိုယ်တူရှိပြီး သဘောထားလည်းကြီးတဲ့မိတ်ဆွေတွေ ဒီသုံးနှစ်အတွင်းမှာ အများကြီးရတယ်။
အင်္ဂလိပ်အရေးအသားကောင်းအောင် အားထုတ်ရမယ်။ ကလာ့(ခ့်) တက္ကသိုလ် မားကတ်တင်းရုံးက ဂျူးကိုအလုပ်ခန့်ထားတာ တစ်နှစ်ကျော်ပြီ။ ရုံးက ဒါရိုက်တာက အရမ်းသဘောကောင်းတယ်။ ဒီနှစ်တော့ ဂျူးကို ဆောင်းပါးတိုတွေရေးဖို့ အခွင့်အရေးပိုပေးပါလို့ မေးထားခဲ့တယ်။