အမေရိကန်နိုင်ငံတွင် လူမျိုးခွဲခြားခြင်း
အမေရိကန်နိုင်ငံမှာနေပြီး လူမျိုးခွဲခြားခြင်းကို ကျွန်မသေသေချာချာ နားမလည်ပါဘူး။ ဒီတော့ ဒီပြဿနာကို နားလည်အောင် ကြိုးစားဖို့ သမိုင်းစာတွေဖတ်ပြီး၊ စာရေးတင်ပါမယ်။
အခု ကျွန်မ Spotify မှာ Louder than a riot ဆိုတဲ့ ရေဒီယိုအစီအစဉ်ကို နားထောင်နေပါတယ်။ Louder than a riot ဟာ အာဖရိကန်-အမေရိကန် အဆိုတော်တွေကို လူမျိုးကြီးဝါဒကျင့်သုံးတဲ့ရဲတွေက ဖိနှိပ်ချုပ်ချယ်ထားတယ်လို့ ဖော်ထုတ်တင်ဆက်ထားပါတယ်။ တင်ဆက်ထားတဲ့ အကြောင်းရာတွေဟာ လွန်ခဲ့သော အနှစ်ငါးဆယ်က ကိစ္စတွေမဟုတ်ပါဘူး။ မသာမာမှုကျူးလွန်တဲ့ ရဲမှူးတစ်ယောက်ဟာ ၂၀၁၆ခုနှစ်မှသာလျှင် ထောင်ကျသွားတာပါ။
ဒီအစီအစဉ်က သတင်းစုံပါတယ်။ပထမဦးဆုံးသတင်းကို တင်ပြချင်ပါတယ်။ အဆိုတော် Max Phipps အကြောင်းဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ လူသတ်မှုနဲ့ထောင်ဒဏ် အနှစ်နှစ်ဆယ်ကျနေပါတယ်။ သူ့ကို ဒီပြစ်ဒဏ်ချရတဲ့ အကြောင်းကိုကြားရင် အံ့ဩမဆုံးဖြစ်ရပါလိမ့်မယ်။ ရဲစုံထောက်ဟာ Max Phipps ရေးသားထားတဲ့ သီချင်းစာသားတွေကို အကြောင်းပြပြီး ထောင်ချခဲ့လို့ ဖြစ်ပါတယ်။