အမေရိကန်နိုင်ငံတွင် လူမျိုးခွဲခြားခြင်း

အမေရိကန်နိုင်ငံတွင် လူမျိုးခွဲခြားခြင်း အမေရိကန်နိုင်ငံမှာနေပြီး လူမျိုးခွဲခြားခြင်းကို ကျွန်မသေသေချာချာ နားမလည်ပါဘူး။ ဒီတော့ ဒီပြဿနာကို နားလည်အောင် ကြိုးစားဖို့ သမိုင်းစာတွေဖတ်ပြီး၊ စာရေးတင်ပါမယ်။ အခု ကျွန်မ Spotify မှာ Louder than a riot ဆိုတဲ့ ရေဒီယိုအစီအစဉ်ကို နားထောင်နေပါတယ်။ Louder than a riot ဟာ အာဖရိကန်-အမေရိကန် အဆိုတော်တွေကို လူမျိုးကြီးဝါဒကျင့်သုံးတဲ့ရဲတွေက ဖိနှိပ်ချုပ်ချယ်ထားတယ်လို့ ဖော်ထုတ်တင်ဆက်ထားပါတယ်။ တင်ဆက်ထားတဲ့ အကြောင်းရာတွေဟာ လွန်ခဲ့သော အနှစ်ငါးဆယ်က ကိစ္စတွေမဟုတ်ပါဘူး။ မသာမာမှုကျူးလွန်တဲ့ ရဲမှူးတစ်ယောက်ဟာ ၂၀၁၆ခုနှစ်မှသာလျှင် ထောင်ကျသွားတာပါ။

ငယ်ငယ်တုန်းက…

ငယ်ငယ်တုန်းက… မြိုင်ရာဇာတွတ်ပီဆို တအားကြိုက်…တစ်နေ့တစ်အုပ်ဖတ်နိုင်တယ်။ တွတ်ပီဆွယ်လို့ ဆတ်သားခြောက်စားချင်တဲ့ အခါပေါင်းလည်းမနည်းဘူး။ ဒါမဲ့ ငယ်ငယ်တုန်းဆတ်သားခြောက်ကို မတောင်းရဲပါဘူးလေ။ စျေးကြီးတာကိုး။ တွတ်ပီကြောင့် ရိုးမတောကြီးထဲ ခဏခဏအလည်သွားတယ်။ ခြံကိုတောလို့မှတ်ပြီးတော့ ဟဟဟဟ သစ်ပင်ပေါ်တွယ်တက်လို့ ပဲ့တာ ပွန်းတာကလည်း ခဏခဏ …ပျော်တယ်…ဗံဒါသီးထုစားတယ်။ ရေကြီးရင် ငါးဖမ်းတယ်၊ ပုဇွန်လည်း ဖမ်းဘူးတယ်။ တစ်ခါတစ်ခါ မျှော့တွေပါပါလာတယ်…ကြောက်မှကြောက်…နွေရာသီဆိုရင် ပိုးလောက်လမ်းတွေ နှိမ်နင်းရေးဆင်းတယ်ဆိုပြီးတော့ ဇကာလေးနဲ့ လောက်လမ်းတွေဆယ်၊ လွတ်လွတ်လူးနေတဲ့ လောက်တွေကို ပုရွက်ဆိတ်တွေလာဆွဲတာကြည့်ပြီး အားတွေရနဲ့။

လူတစ်ယောက်ဆီ စာရေးကြည့်ချင်တယ်။ ဒါမဲ့ ဘယ်အကြောင်းရေးရင်ကောင်းမလဲဆိုတာ….ဘယ်ကနေ

လူတစ်ယောက်ဆီ စာရေးကြည့်ချင်တယ်။ ဒါမဲ့ ဘယ်အကြောင်းရေးရင်ကောင်းမလဲဆိုတာ….ဘယ်ကနေ ဘယ်လိုစရမှန်းကိုရမသိ…. ဒီနေ့ဘာတွေလုပ်နေပါတယ်လို့သတင်းပို့တာကပျင်းစရာကြီး။ နေ့တိုင်း စာဖတ်၊ ထမင်းစား၊ ယူကျူ့ကြ့ည်။ ဒါပဲ။ ကိုယ့်ဘဝအကြောင်း ကဗျာ ဖွဲ့ပြီး ရေးရအောင်လည်း ဘာမှထူးထူးခြားခြား ကိစ္စတွေမရှိ။ သူလိုကိုယ်လိုပဲ။ ဘဝနာစရာလေး ထုတ်ရေးလည်း အများဆုံး စာမျက်နှာ သုံးရွက်လောက်ပေါ့။ ဟူ::::: ခေါင်းပူလိုက်တာ… ဒါမှမဟုတ်…လတ်တလော ကိစ္စတွေအပေါ် ဆရာကြီးစတိုင်ဖမ်းပြီးတော့ လေပေါလို့တော့ရတယ်။ ဒါမဲ့လည်း အဲဒါတွေကို FB မှာဝင်ကြည့်ရင် ပလူပျံနေတာ…ကိုယ့်ထက်တောင် ဝေဝေဆာဆာ ရေးတတ်ပြောတတ်သေး။ စာဖတ်သူတို့ အကြံလေးဘာလေး မစကြပါဦး။ စာရေးပြီး စာတိုက်ကစာပို့တဲ့ အရသာလေးမြည်းကြည့်ချင်လွန်းလို့ 😅😆